Thursday, July 7, 2016

The King's Daughter, Soo Baek-hyang (မြန်မာစာတန်းထိုး)


နန်းတွင်း ဇတ်လမ်းတွဲ ကောင်းကောင်းကိုမှ ကြည့်ရှုလိုသူများအတွက်

Channel Myanmar TV မှ အကောင်းဆုံး ရုပ်ထွက် အကောင်းဆုံးအရည်အသွေးဖြင့်

တင်ဆက်ပေးလိုက်ပါတယ်....

IMDb 8.4/10 ရရှိထားသော ဇတ်လမ်းတွဲပါ ဒါဆို ကောင်းမကောင်းသိပြီပေါ့နော်...

(သစ်ဆန်းခန့်)



Download List
----------------------------

( ဆက်လက် ကြည့်ရှုလိုပါက Comment ပေးခဲ့ပါရန်)

Wednesday, June 15, 2016

Constantine - First Season Complete ( 2014 ) မြန်မာစာတန်းထိုး



မနှစ်တုန်းက ကျွန်တော်တို့ Channel Myanmar ကနေ Constantine စီးရီးရဲ့ပထမဆုံးအပိုင်းတပိုင်းကို
တင်ဆက်ပေးခဲ့ပါတယ်..အကြောင်းအမျိုးမျိုးကြောင့်ဆက်လက်မတင်ပေးနိုင်တော့ပဲရပ်နားလိုက်ရပါတယ်.
အခုအချိန်မှာတော့ Constantine စီးရီးရဲ့ အစအဆုံး အကုန်လုံးကိုတပြိုင်နက်ထဲအားလုံးတင်ပေးလိုက်ပါပြီ
ကျန်တဲ့အပိုင်းတွေမကြည့်လိုက်ရပဲ စောင့်မျှော်နေတဲ့သူတွေအားလုံးကျေနပ်မယ်လို့မျှော်လင့်မိပါတယ်

Constantine ဆိုတဲ့ ဇာတ်ကောင်ဟာ DC Comics ရဲ့နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်..
2005 တုန်းကလည်း တကားတည်းအနေနဲ့ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သူကတော့ Matrix မင်းသား
keanu reeves ပါ...အောင်မြင်ခဲ့တယ်လည်းဆိုရမှာဖြစ်ပါတယ်..2014မှာတော့ Series တွဲအနေနဲ့
ဇာတ်လမ်းပြန်လည်အသက်သွင်းခဲ့ပါတယ်.. Season 1 ခုသာပြီးခဲ့ပေမယ့် ဒီ TV Show ဟာ
ဆက်လက်ရိုက်ကူးခြင်းမရှိပဲ Cancel လုပ်လိုက်ပါတယ်..ဒါကြောင့် တခြား season တွေထပ်မရှိလာပဲနဲ့
First Season တခုတည်းသာရှိတာမို့ ကြည့်ရှုသူတွေအနေနဲ့လည်းအစအဆုံးကြည့်ရမှာဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ကွန်စတန်တင်းဟာ မကောင်းဆိုးဝါးနှိမ်နင်းတဲ့တစ်ဦးဖြစ်ပါတယ်..
သူ့ဘ၀တခုလုံးကို ဒီလောက ထဲအတွင်းမှာပဲ မြှုပ်နှံထားပြီးတော့ ငရဲပြည်နဲ့ရော..ကောင်းကင်ဘုံနဲ့ပါ
ဆက်ဆံရတဲ့သူတစ်ဦးဖြစ်ပါတယ်..ငရဲပြည်ကတော့ သူ့ကိုအမြဲတမ်းသတ်ဖို့ကြိုးစားနေပြီး
ကောင်းကင်ဘုံကတော့ ဂျွန် နဲ့ စာချုပ်ချုပ်ပြီးတော့ သဘောတူညီမှုတွေပြုလုပ်ထားပါတယ်..
မကောင်းဆိုးဝါးတွေကြောင့် ဒုက္ခရောက်နေရတဲ့ သူတွေကို ၀င်ဝင်ကူညီပေးတတ်ပြီး ငရဲနဲ့ကောင်းကင်ရဲ့
စစ်ကြားမှာ ကန့်လန့်ဖြစ်နေတဲ့ ဂျွန် ကွန်စတန်တင်းရဲ့ ဇာတ်ကားကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
အပိုင်းစုစုပေါင်း 13 ပိုင်းသာ ရှိပါတယ်

ဘာသာပြန်ပေးသူကတော့ SKL ပဲ ဖြစ်ပါတယ်။

Constantine Season 1 Ep 1 [ Pcloud Link | 272 MB ]

Constantine Season 1 Ep 2 [ Pcloud Link | 152 MB ]

Constantine Season 1 Ep 3 [ Pcloud Link | 167 MB ]

Constantine Season 1 Ep 4 [ Pcloud Link | 183 MB ]

Constantine Season 1 Ep 5 [ Pcloud Link | 213 MB ]

Constantine Season 1 Ep 6 [ Pcloud Link | 179 MB ]

Constantine Season 1 Ep 7 [ Pcloud Link | 197 MB ]

Constantine Season 1 Ep 8 [ Pcloud Link | 155 MB ]

Constantine Season 1 Ep 9 [ Pcloud Link | 186 MB ]

Constantine Season 1 Ep 10 [ Pcloud Link | 171 MB ]

Constantine Season 1 Ep 11 [ Pcloud Link | 171 MB ]

Constantine Season 1 Ep 12 [ Pcloud Link | 169 MB ]

Constantine Season 1 Ep 13 { Complete } [ Pcloud Link | 249 MB ]

Tuesday, June 14, 2016

Arrow (Season 4 Complete) TV Series မြန်မာစာတန်းထိုး


Arrow season 4 အတွက် အချိန်ကျလာပါပြီဗျာ။ ဒါပေမယ့် အားလုံးသိပြီးတဲ့အတိုင်း လူတွေက အဲရိုးသေသွားပြီလို့ပဲ သိထားကြတာပါ။ အဲရိုးတို့ စုံတွဲဟာလဲ မြို့ရဲ့ အဝေးတစ်နေရာမှာ ပျော်ရွှင်နေကြပါပြီ။ မြို့အတွက်တော့ အဲရိုးရဲ့ညီမရယ် Black canary ရယ် ဒစ်ဂယ် ရယ်က ဆက်လက်တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့် ဒီစီစန်မှာတော့ သူတို့ ချည်းပဲ မဖြေရှင်းနိုင်တော့တဲ့ အဖွဲ့အစည်းကြီးတစ်ခုပေါ်လာပါပြီ။ H.I.V.E လို့ ခေါ်တဲ့အဖွဲ့အစည်းကြီးဟာ မြို့က အုပ်ချုပ်ရေးပိုင်းက လူအားလုံးကို သတ်ပြီး မြို့ကို တစ်စစီပြိုကွဲစေပါတော့မယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ စီစန် ၃ မှာ နာမည်ကြားခဲ့ပြီးဖြစ်တဲ့ ရေရှယ်ဂူး ရဲ့ ပြိုင်ဘက် ရန်သူတော်ကြီး ဒေမီယန် ပဲဖြစ်ပါတယ်။ သူဟာ လက်ရှိအမြင်အရတော့ ရာရှယ်ဂူးထက်ပိုစွမ်းနေပါတယ်။ အဲရိုးရဲ့ မြှားတွေကို စွမ်းအားတစ်မျိုးနဲ့တားထားနိုင်နေလို့ပါပဲ။ တစ်ချိန်ထဲမှာပဲ ပရိသတ်အားလုံးကို ဆွဲဆောင်သွားနိုင်တာတော့ နောက်ခြောက်လအကြာမှာ အဲရိုးရဲ့ အရင်းနီးဆုံး သူတစ်ယောက် သေဆုံးခဲ့တာကို ပြခဲ့တာပါပဲ။ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ သတင်းကောင်းကတော့ Black canary ဟောင်း ကျတော်တို့ အချစ်တော် ဆာရာလေး ပြန်လာပါတော့မယ်။ ဒါဟာ နောက်နှစ်မှာ လာမယ့် Legend of Tomorrow ထဲမှာ White Canary အဖြစ်ပါလာဖို့ အစပါပဲ။

ဒါတွေအားလုံးကို ဖြေရှင်းဖို့အတွက် အဲရိုးဆိုတဲ့ နာမည်ကို လည်း သုံးခွင့်မရှိတော့တဲ့ အိုလီဗာကွင်းအတွက် နာမည်သစ်တစ်ခုနဲ့ ပြန်လာရပါတော့မယ်။ အဲဒါကတော့ ၁၉၄၁ ခုနှစ်ကတည်းက DC comic ရဲ့ ဇာတ်ကောင် Oliver Queen ရဲ့ မူရင်းကာရိုက်တာ Green Arrow ဆိုတဲ့နာမည်နဲ့ပါပဲ။ ပိုအစွမ်းထက်လာတဲ့ ရန်သူအဖွဲ့ကြီးနဲ့ ပိုအစွမ်းထက်လာမဲ့ Green Arrow အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကတော့ ဒီစီစန် ၄ ရဲ့ အသက်ဖြစ်လာပါလိမ့်မယ် ထင်ပါတယ်။ ကဲ အားပေးလိုက်ကြပါစို့

မြန်မာစာတန်းထိုးကိုတော့ Mmsubtitle.co နဲ့အတူ ပူပေါင်း တင်ဆက်ထားတာ ဖြစ်ပါတယ်။

Season 4









(ဇာတ်ကားအညွန်းရေးသူကတော့ CM Admin Little Neo ပဲ ဖြစ်ပါတယ်)

@joker

Friday, June 3, 2016

The Shannara Chronicles (Season 1 Complete) မြန်မာစာတန်းထိုး


မျိုးနွယ်စုများစွာမှာ နတ်သူငယ်တွေ စုနေတဲ့ တိုင်းပြည်တစ်ခုရှိတယ်

အစဉ်အလာအရ တိုင်းပြည်ရဲ့ အထွတ်အမြတ် သစ်ပင်ကြီးကို ကာကွယ်ဖို့

သူရဲကောင်း ၆ ယောက်ကို ရွေးချယ်ခဲ့တယ်

ထိုအထဲမှာ တိုင်းပြည် ရဲ့ မင်းသမီးလေးလဲ အပါအ၀င်ပေါ့....

ရွေးချယ်မှု ပြီးမြောက်တဲ့ ရက်မှာပဲ မင်းသမီးလေးကို သစ်ပင်ကြီးက

နမိတ်ပြခဲ့တယ်...

ပျောက်ဆုံးနေတဲ့ နှစ်ပေါင်းများစွာက မှော်ပညာတွေ ပြန်အသက်ဝင်လာတော့မယ်

မကောင်းဆိုးဝါးတွေ ပြန်လန်ရှင်သန် ထမြောက်တော့မယ်လို့ အာရုံပြခဲ့တယ်...

ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ......

(သစ်ဆန်းခန့်)

Download Link
==============

Wednesday, June 1, 2016

Snow Queen (2007) မြန်မာစာတန်းထိုး


ဆင်းရဲသားရပ်ကွက်ကမွေးဖွားခဲ့တဲ့ကောင်လေးတစ်ယောက်ရှိပါတယ် သူက
စိတ်သဘောထားလည်းဖြူစင်သလို မွေးရာပါ ပါရမီရှင် သင်္ချာအရမ်းတော်တဲ့
ကောင်လေးတစ်ယောက်ပါ ဒီလိုနဲ့ကိုရီးယားအထက်တန်းကိုရောက်လာတော့
သူငယ်ချင်းတွေအများကြီးရခဲ့တာပေါ့
ပထမရတဲ့သူကိုပဲလူတွေကအမှတ်ရတာပါဆိုတဲ့အယူအဆကိုလက်ကိုင်ထားတဲ့
သူဌေးသား သင်္ချာတော်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့အတန်းထဲမှာဆုံကြတယ်
လိုတရသူဌေးသား ဖြစ်တဲ့အပြင်သင်္ချာအရာမှာလည်းပြိုင်ဘက်ကင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ
ဆင်းရဲသားကျောင်းသားသစ်လေးရောက်လာတော့ သူ့ဂုဏ်ပုဒ်ဟာမှေးမှိန်ခဲ့ရတယ်
တစ်ယောက်နဲ့တစ်ယောက် ပညာရပ်ဆိုင်ရာတွေငြင်းခုန်ရင်းနဲ့ပဲ မခွဲနိုင်မခွာနိုင်အခင်ဆုံး
သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်
ဒီလိုနဲ့ကမ္ဘာ့အိုလံပစ်သင်္ချာအိုလံပစ်ပြိုင်ပွဲရောက်လာရော
အများသူငှာမျှော်လင့်ထားသလိုသူဌေးသားလေးကပထမဆုမရခဲ့ပဲ ဒုတိယဆုနဲ့ပဲကျေနပ်ခဲ့ရတယ်
ဆင်းရဲသားလူငယ်လေးကတော့ပထမရသွားတယ်
အရမ်းခံစားနေရတဲ့သူငယ်ချင်းကိုဆင်းရဲသားလေးကနှစ်သိမ့်ပေးခဲ့ပါတယ် ဒီမှာပဲကံကြမ္မာအလှည့်အပြောင်း
ကစတော့တာပဲ သူနှစ်သိမ့်ဖို့သုံးတဲ့စကားလုံးအသုံးအနှုန်းကပဲ သူဌေးသားလေးကိုသေဆုံးသွားဖို့အကြောင်း
ဖန်လာခဲ့တယ်
ဆင်းရဲသားကောင်လေးက ကိုယ့်ကိုကိုယ်ယူကြုံးမရဖြစ် နောင်တတွေတပွေ့တပိုက်နဲ့ပေါ့
ရည်မှန်းချက်တွေလည်းပျောက်ကျောင်းကထွက်တဲ့အပြင်သိပ်ချစ်ရတဲ့အမေကိုတောင်ထားပြီးထွက်ပြေးသွားတယ်
ဒီလိုနဲ့ နာမည်တွေလည်းပြောင်း လက်ဝှေ့လည်းထိုးရင်းနဲ့
သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကိုမမျှော်လင့်ပဲတွေ့ခဲ့မိတယ်
အရမ်းချစ်စရာကောင်းတဲ့ကောင်မလေး ဟာ ဘယ်လိုအသိုင်းအ၀ိုင်းလည်း ဘယ်မိသားစုကလည်း
ဆင်းရဲသားကောင်လေးကရော သူ့ဘ၀ကိုဘယ်လိုအဖတ်ဆယ်မလဲ
အတိတ်ဆိုးဆိုကရောထွက်ပြေးရုံနဲ့လွတ်မှာလား
အရမ်းကောင်းတဲ့ဇတ်ကားလေးပါ ကြည့်ရှုသူအနေနဲ့ မချီးကျူးပဲမနေနိုင်အောင်ဖြစ်သလို
မီးပြတ်သွားမှာစိုးရိမ်ရတဲ့ဇတ်ကားမျိုးပါ
မိတ်ကပ်အပြင်အဆင် editor ပိုင်း သရုပ်ဆောင်ချက်တွေ အားလုံးကောင်းလွန်းပါတယ်
ကဲပရိတ်သတ်ကြီးရေ ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်
IMDb rating 8.3 အထိရရှိထားတဲ့ ဒရမ်မာဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
ဇာတ်လမ်း အညွှန်းကိုတော့ ကို ဖြိုးပြည့် ကရေးသားပေးခဲ့တာပါ။
(ကွာလတီကောင်းကောင်းနက် တဖန်ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်)


File size...(400MB) For Each Episode
Total Episodes .... 16 Episodes 
Quality...HDTV Rip 720p

Format...mp4
Subtitle....Myanmar Subtitle (Hardsub)

Encoder....Aung Pyay



Download
===================

Episode 01              Episode 06              Episode 11

Episode 02              Episode 07              Episode 12

Episode 03              Episode 08              Episode 13

Episode 04              Episode 09               Episode 14

                 Episode 05              Episode 10               Episode 15                   

 Final Episode (ဇာတ်သိမ်းပိုင်း)      

Band of Brothers (မြန်မာစာတန်းထိုး) Series





               band of brothers series ဟာဒုတိယကမ္ဘာစစ် အတွင်းက ဥရောပမှာစစ်ဆင်ရေးဝင်ခဲ့တဲ့
အမှတ် ၁၀၁ လေကြောင်းချီတပ်ဖွဲ့ အမှတ် ၅၀၆ လေကြောင်းချီခြေလျင်တပ်ရင်းကြီး အမှတ်၂တပ်ရင်း
အီးဇီးတပ်ခွဲကို အကြောင်းကိုဦးစားပေးရိုက်ထားတဲ့ဇာတ်လမ်းတွဲတခုဖြစ်ပါတယ် HBO မှာ ပြောခဲ့တဲ့
စစ်ပြန်တွေရဲ့ သမိုင်းStephen E.Ambrose ရေးထားတဲ့ Band of Brother စာအုပ်ကိုလဲအခြေခံပြီးရိုက်ထားတဲ့ဖြစ်ရပ်မှန် သမိုင်း စစ်ရုပ်ရှင်ကားတကားဖြစ်ပါတယ်
ဒါရိုက်တာကတော့ကျွန်တော်တို့ရဲ့အသည်းကျော်မင်းသားကြီးတွမ်ဟန်အပါအ၀င် ဒါရိုက်တာ၇ယောက်နဲ့ရိုက်ထားတဲ့ဒီဇာတ်လမ်းကတော့ IMDb rating 9.6 TV.com rating 8.8Rotten Tomatoes 98% ရထားတဲ့ဇာတ်ကားကောင်းတခုပါဒီသမိုင်းမှာပါဝင်ခဲ့တဲ့ ဗိုလ်မှူးဝင်းတာအပါအ၀င် နော်မန်ဒီကမ်းခြေတက်ခဲ့တဲ့ စစ်ပြန်တွေကို မင်းသားကြီးတွမ်ဟမ်က ကိုယ်တိုင်မေးမြန်းပြီးရိုက်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ကောင်းယုံသပ်သပ်မဟုတ်ဘဲ သမိုင်းအခြေခံဖြစ်ရပ်မှန်ဇာတ်ကားကြီးပဲဖြစ်ပါတယ်

အခုအပိုင်း၁ မှာတော့ တပ်ခွဲ၉ခွဲရှိတဲ့အနက်အီးဇီးတပ်ခွဲ (easy company)ရဲ့လေ့ကျင့်ပုံ တိုက်ပွဲမ၀င်ခင်ပြင်ဆင်ပုံနော်မန်ဒီမှာ ကမ်းထိုးနေတုန်း လေကြောင်းကနေဂျာမန်တို့ရဲ့ ခံတပ်ကိုဖျက်ဆီးဖို့လေ့ကျင့်ပုံတွေကိုရိုက်ကူးထားပါတယ်။

ဘာသာပြန်သူကတော့ ကို မြန်မာကြီးပါ



DCs Legends Of Tomorrow TV series (Season 1) မြန်မာစာတန်းထိုး

2016 ရဲ့ ဒီစီ စီးရီးအသစ် လာပါပြီဗျာ။ အားလုံးမျှော်နေကြတဲ့ legends of tomorrow ပါ။ IMDb ကတော့ အပိုင်း ၁ ထွက်အပြီးမှာပဲ 8.1 ရထားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂ်ျ ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂ်ျ အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။

လူ ၈ ယောက်ကတော့ အဲရိုးစီးရီးမှ ဆာရာလန့်စ်( Canary)၊ ဖလက်ရှ်စီးရီးမှ Hawk မောင်နှံနှစ်ဖော်၊ မီးမုန်တိုင်း ၂ ယောက်၊ ကပ္ပတိန် Cold နဲ့ Heatwave လူမိုက်ကြီး ၂ ယောက် နဲ့ ရေးပါမာ(Atom) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သဘောကျမိတဲ့ အချက်ကတော့ သူစုဆောင်းတဲ့ လူတွေဟာ သူရဲကောင်းဖြစ်ချင်စိတ် ထက်သန်နေတဲ့သူတွေ ပင်ကိုယ် သူရဲကောင်းကြီးတွေ မဟုတ်ကြပါဘူး။ လမ်းပျောက်နေတဲ့သူတွေ လူဆိုး သူခိုးတွေပါ။

 ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ ဘယ်လိုလူမျိုးတွေမှာ မဆို ဖုန်းကွယ်နေတဲ့ သူရဲကောင်းစိတ်လေးတွေရှိပြီ အခွင့်အရေးရခဲ့ရင် ကြုံကြိုက်လာခဲ့ရင် မလွှဲမရှောင်သာတော့ရင် စွမ်းအားတွေ စိတ်ဓာတ်တွေ ပေါ်ထွက်လာနိုင်ပုံကို ပြချင်တယ်လို့ပဲ မြင်မိပါတယ်။ အပိုင်း ၁ ကို ကြည့်ရှုပြီး သူတို့ရဲ့ ခံစားချက်တွေ ဆုံးဖြတ်ချက် ချသွားပုံတွေ မှာ တွေးစရာတွေ အများကြီး ရလာမှာပါ။ နောက်ထပ်အပိုင်းတွေ ဆက်အားပေးဦးမယ်ဆိုရင်တော့ ဘာသာပြန်သူ နဲ့ အက်မင် ကို ၀ိုင်းပြီး ဖိအားများများပေးကြပါလို့ ပြောလိုက်ပါတယ်ဗျာ။အညွန်းရေးသူကတော့  Little Neoပဲ ဖြစ်ပါတယ်။

ဒီစီးရီးကို ဘာသာပြန်ပေးမဲ့သူကတော့ Kaung Myat Thu ပဲ ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း အပိုင်းသစ်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Season 1